တ​ရား​ဟော 8:7-13 BJB

7 အကြောင်းမူကား၊ သင်၏ဘုရားသခင် ထာဝရဘုရားသည်ကောင်းသောပြည်၊ ချိုင့်ထဲ၊ တောင်ထဲကပေါက်သောမြစ်၊ ချောင်း၊ စမ်းရေတွင်း၊ ရေကန်များနှင့် ပြည့်စုံ သောပြည်၊

8 ဂျုံ၊ မုယော၊ စပျစ်ပင်၊ သင်္ဘောသဖန်းပင်၊ သလဲပင်နှင့် ပြည့်စုံသောပြည်၊ သံလွင်ဆီ၊ ပျားရည်နှင့် ပြည့်စုံသောပြည်၊

9 ဘာမျှမလိုဘဲဝစွာစားရသောပြည်၊ သံကျောက်နှင့် ပြည့်စုံ၍၊ တောင်ထဲကကြေးနီကိုတူးရသောပြည်သို့ သင့်ကိုဆောင်သွားတော်မူ၏။

10 ထိုကောင်းမွန်သောပြည်ကို ပေးသနားတော်မူသည်ဖြစ်၍၊ သင်သည် ဝစွာစားရသောအခါ၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းရမည်။

11 ယနေ့ငါဆင့်ဆိုသော စီရင်ထုံးဖွဲ့ချက်၊ ပညတ်တရားတော်တို့ကို သင်သည် မစောင့်၊ သင်၏ဘုရားသခင် ထာဝရဘုရားကိုမေ့လျော့သောအပြစ်ကို သတိနှင့်ရှောင်လော့။

12 သင်သည်ဝစွာစား၍ ကောင်းသောအိမ်ကိုဆောက်လျက်နေရစဉ်၊

13 သင်၏သိုးနွား၊ ရွှေငွေအစရှိသောဥစ္စာမျိုးများပြားစဉ်အခါ၊