တ​ရား​ဟော 9:20-26 BJB

20 ထာဝရဘုရားသည်လည်း၊ အာရုန်ကိုဖျက်ဆီးခြင်းငှါ အလွန်အမျက်ထွက်တော်မူသောကြောင့်၊ အာရုန်အဘို့ကိုလည်း ဆုတောင်းလေ၏။

21 သင်တို့ဒုစရိုက်တည်းဟူသော သင်တို့လုပ်သောနွားသငယ်ကို ငါယူသဖြင့် အရည်ကျို၍၊ အမှုန့်ဖြစ်အောင် ညက်ညက်ချေပြီးလျှင်၊ တောင်ထဲကထွက်သော ချောင်းရေပေါ်မှာချပစ်လေ၏။

22 တဗေရအရပ်၊ မဿာအရပ်၊ ကိဗြုတ်ဟတ္တဝါအရပ်၌လည်း၊ သင်တို့သည် ထာဝရဘုရားကိုအမျက်တော်ထွက်အောင် ပြုကြ၏။

23 ကာဒေရှဗာနာအရပ်၌လည်း၊ ထာဝရဘုရားက၊ သွား၍ငါပေးသောပြည်ကို သိမ်းယူကြလော့ဟု သင်တို့ကိုစေခိုင်းတော်မူသောအခါ၊ သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားအမိန့်တော်ကို ငြင်းဆန်ကြ၏။ ကိုယ်တော်ကိုမယုံ၊ စကားတော်ကိုနားမထောင်ဘဲနေကြ၏။

24 ငါသိကျွမ်းသောနေ့မှစ၍၊ သင်တို့သည် ထာဝရဘုရားကို ပုန်ကန်လျက်နေကြပြီ။

25 ထာဝရဘုရားသည် သင်တို့ကိုဖျက်ဆီးမည်ဟု မိန့်တော်မူသောကြောင့်၊ ငါသည်အရင်ပြပ်ဝပ်သကဲ့သို့၊ အရက်လေးဆယ်ပတ်လုံးပြပ်ဝပ်လျက်နေရ၏။

26 ထာဝရဘုရားအားလည်း၊ အိုအရှင် ဘုရားသခင်၊ တန်ခိုးတော်အားဖြင့် ရွေးတော်မူ၍၊ အားကြီးသောလက်တော်နှင့် အဲဂုတ္တုပြည်မှနှုတ်ဆောင်တော်မူသော ကိုယ်တော်၏အမွေဥစ္စာဖြစ်သော ဤလူတို့ကိုဖျက်ဆီးတော်မမူပါနှင့်။