ဝတ်​ပြု 10:1-4 BJB

1 အာရုန်၏သားနာဒပ်နှင့် အဘိဟုတို့သည်၊ ကိုယ်စီဆိုင်သောလင်ပန်းတို့ကို ယူလျက်၊ မီးကိုထည့်၍ လောဗန်ကိုတင်ပြီးလျှင်၊ ထာဝရဘုရားမှာထားတော်မူသော မီးမဟုတ်၊ ထူးခြားသောမီးကို ရှေ့တော်၌ပူဇော်၏။

2 ထိုအခါ ထာဝရဘုရားထံတော်မှမီးထွက်၍၊ သူတို့ကိုလောင်သဖြင့် ရှေ့တော်၌ သေကြ၏။

3 ထိုအခါ၊ မောရှေသည်အာရုန်ကိုခေါ်၍၊ ထာဝရဘုရားက၊ ငါသည် သန့်ရှင်းခြင်းရှိသည်ဟု ငါ့ထံသို့ချဉ်းကပ်သူတို့သည် မှတ်ရမည်။ လူအပေါင်းတို့သည် ငါ့ဘုန်းကိုချီးမြှင့်ရကြမည်ဟု မိန့်တော်မူရာ၌၊ ထိုသို့သော အမှုကိုရည်ဆောင်၍ မိန့်တော်မူသည်ဟုဆိုလျှင်၊ အာရုန်သည် တိတ်ဆိတ်စွာနေလေ၏။

4 မောရှေသည် အာရုန်၏ဘထွေး ဩဇေလသားမိရှေလနှင့် ဧလဇာဖန်ကိုခေါ်၍၊ လာကြ။ သင်တို့ပေါက်ဘော်တို့ကို သန့်ရှင်းရာဌာနတော်က၊ တပ်ပြင်သို့ ယူသွားကြလော့ဟုဆိုသည်အတိုင်း၊