ဝတ်​ပြု 12:1-6 BJB

1 တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ 

2 မိန်းမသည်ပဋိသန္ဓေယူ၍ သားယောက်ျားကိုဘွားမြင်ပြီးလျှင်၊ ဥတုရောက်၍ ခုနစ်ရက်မစင်ကြယ်သကဲ့သို့ ခုနစ်ရက်မစင်ကြယ်နေရမည်။

3 အဋ္ဌမနေ့၌ သားယောက်ျားအား အရေဖျားလှီးခြင်းကိုပြုရမည်။

4 ထိုနောက် အမိသည်စင်ကြယ်စေခြင်းနှင့် ဆိုင်သောအသွေးရှိ၍၊ အရက်သုံးဆယ်သုံးရက်ပတ်လုံးနေရမည်။ စင်ကြယ်စေခြင်းနေ့ရက် မစေ့မှီတိုင်အောင် သန့်ရှင်းသောအရာကိုမကိုင်ရ။ သန့်ရှင်းရာဌာနတော်ကို မသွားရ။

5 သားမိန်းမကိုဘွားမြင်လျှင်၊ ဥတုရောက်သကဲ့သို့ တဆယ်လေးရက်ပတ်လုံး မစင်ကြယ်နေရမည်။ စင်ကြယ်စေခြင်းနှင့် ဆိုင်သောအသွေးရှိ၍၊ အရက် ခြောက်ဆယ်ခြောက်ရက်ပတ်လုံးနေရမည်။

6 သားယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ စင်ကြယ်စေခြင်းနေ့ရက် ကာလစေ့သောအခါ၊ မီးရှို့ရာယဇ်ဘို့ အခါမလည်သော သိုးသငယ်တကောင်၊ အပြစ်ဖြေရာယဇ်ဘို့ ချိုးကလေးတကောင်၊ သို့မဟုတ် ခိုတကောင်ကို၊ ပရိသတ်စည်းဝေးရာတဲတော်တံခါးရှေ့၊ ယဇ်ပုရောဟိတ်ထံသို့ဆောင်ခဲ့ရမည်။