ဝတ်​ပြု 13:14-20 BJB

14 သို့မဟုတ် အသားစိုပေါ်လျှင်မစင်ကြယ်။

15 ယဇ်ပုရောဟိတ်သည် အသားစိုကိုကြည့်ရှု၍ ထိုသူသည်မစင်ကြယ်ဟု စီရင်ရမည်။ အသားစိုသည်မစင်ကြယ်။ နူနာအမှန်ဖြစ်၏။

16 အသားစိုသည် ခြားနား၍ဖြူပြန်လျှင်၊ ယဇ်ပုရောဟိတ်ထံသို့တဖန်လာရမည်။

17 ယဇ်ပုရောဟိတ်သည်ကြည့်ရှု၍၊ အနာဖြူပြန်သည်ကိုမြင်လျှင်၊ ထိုအနာရှိသောသူစင်ကြယ်၏ဟု ယဇ်ပုရောဟိတ်စီရင်ရသဖြင့် သူသည်စင်ကြယ်၏။

18 ကိုယ်အရေ၌ အနာစိမ်းဖြစ်၍ပျောက်ပြီးမှ၊

19 အနာရွတ်၌ဖြူသောအဖူးဖြစ်စေ၊ ဖြူနီသောအနူကွက်ဖြစ်စေ၊ ပေါ်လာသည်ကို ယဇ်ပုရောဟိတ်သည်ကြည့်ရှု၍၊

20 အရေအောက်၌စွဲဟန်ရှိ၍ အမွေးဖြူလျှင်၊ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ အနာစိမ်းထဲက ထွက်သောနူနာဖြစ်၏။