ဝတ်​ပြု 13:39-45 BJB

39 ယဇ်ပုရောဟိတ်သည်ကြည့်ရှုသောအခါ မွဲသောအဆင်းရှိလျှင်၊ အရေ၌ပေါက်သောညှင်းဖြစ်၏။ ထိုသူသည် စင်ကြယ်၏။

40 ဆံပင်ကျွတ်သောသူသည်၊ ခေါင်းပြောင်သော်လည်းစင်ကြယ်၏။

41 နဖူးဆံကျွတ်သောသူသည်နဖူးပြောင်သော်လည်း စင်ကြယ်၏။

42 ပြောင်သောခေါင်း၌ဖြစ်စေ၊ ပြောင်သောနဖူး၌ဖြစ်စေ၊ ဖြူနီသောအနာပေါက်လျှင်၊ ထိုပြောင်ရာ၌ ပေါက်သောနူနာဖြစ်၏။

43 ထိုအခါ ယဇ်ပုရောဟိတ်သည်ကြည့်ရှု၍၊ ကိုယ်အရေ၌ နူနာထင်သကဲ့သို့၊ ပြောင်ရာ၌ပေါက်သောအနာ၏အဖူး ဖြူနီလျှင်၊-

44 ထိုသူသည်မစင်ကြယ်။ လူနူဖြစ်၏။ ခေါင်း၌အနာပေါက်သောကြောင့်၊ အလျှင်းမစင်ကြယ်ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။

45 နူနာစွဲသောသူသည် စုတ်သောအဝတ်ကိုဝတ်ရမည်။ ခေါင်းကိုမဖုံး၊ အထက်နှုတ်ခမ်းကိုဖုံးလျက်၊ မစင်ကြယ်၊ မစင်ကြယ်ဟုဟစ်ကြော်ရမည်။