ဝတ်​ပြု 13:5-11 BJB

5 သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည်ကြည့်ရှု၍၊ အနာသည် အရေ၌ မတိုးမလျော့နေလျှင်၊ တဖန်ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။

6 တဖန် သတ္တမနေ့၌ကြည့်ရှု၍ အနာသည် အရေ၌မတိုးပွား၊ ခပ်မည်းမည်းဖြစ်လျှင်၊ ထိုသူသည်စင်ကြယ်၏ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ ယားနာသက်သက်ဖြစ်၏။ မိမိအဝတ်ကိုလျှော်၍ စင်ကြယ်ရ၏။

7 စင်ကြယ်စေခြင်းငှါ ယဇ်ပုရောဟိတ်သည်ကြည့်ရှုပြီးမှ၊ နောက်တဖန် ယားနာတိုးပွားပြန်လျှင်၊ ယဇ်ပုရောဟိတ်ကြည့်ရှုပြန်၍၊

8 ယားနာတိုးပွားသည်ကိုမြင်သောအခါ၊ ထိုသူသည်မစင်ကြယ်ဟု စီရင်ရမည်။ နူနာဖြစ်၏။

9 နူနာစွဲသောသူကို ယဇ်ပုရောဟိတ်ထံသို့ခေါ်ခဲ့ရမည်။

10 ယဇ်ပုရောဟိတ်ကြည့်ရှု၍၊ အရေ၌ထသောအဖူးနှင့်တကွ အမွေးသည် ဖြူလျှင်၎င်း၊ အဖူး၌အသားစိုရှိလျှင်၎င်း၊-

11 ကိုယ်အရေ၌ ဟောင်းသောနူနာဖြစ်၏။ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ်စီရင်၍ချုပ်ထားသဖြင့်၊ သူသည် မစင်ကြယ်ဘဲနေရမည်။