55 ဆေးလျှော်ပြီးမှ ယဇ်ပုရောဟိတ်သည်ကြည့်ရှုပြန်၍၊ အနာမတိုးပွါးသော်လည်း၊ အဆင်းမခြားနားလျှင်၊ မစင်ကြယ်။ မီးရှို့ရမည်။ အတွင်း၌ဖြစ်စေ၊ ပြင်၌ဖြစ်စေ၊ ဆွေးမြေ့ခြင်းရှိ၏။
56 ဆေးလျှော်ပြီးမှ၊ ယဇ်ပုရောဟိတ်သည်ကြည့်ရှု၍ အနာသည် ခပ်မည်းမည်းဖြစ်လျှင်၊ အဝတ်၊ သားရေ၊ ရက်ကန်းပင်၊ ရက်ကန်းသားထဲက အနာကွက်ကိုဆုတ်ဖဲ့ရမည်။
57 နောက်တဖန် ထိုရက်ကန်းပင်၊ ရက်ကန်းသားအဝတ်၊ သားရေအသုံးအဆောင်၌အနာပေါ်ပြန်လျှင်၊ တိုးပွားတတ်သောအနာဖြစ်၏။ ထိုသို့အနာစွဲသောဥစ္စာကိုမီးရှို့ရမည်။
58 ရက်ကန်းပင်၊ ရက်ကန်းသားအဝတ်၊ သားရေအသုံးအဆောင်ဟူသမျှကို ဆေးလျှော်၍ အနာပျောက်လျှင်၊ ဒုတိယအကြိမ်ဆေးလျှော်၍ စင်ကြယ်ရ၏။
59 ဤရွေ့ကားစင်ကြယ်သည်၊ မစင်ကြယ်သည်ကိုစီရင်စေခြင်းငှါ နူနာစွဲသော ပိတ်အဝတ်၊ သိုးမွေးအဝတ်၊ ရက်ကန်းပင်၊ ရက်ကန်းသား၊ သားရေအသုံးအဆောင်တို့နှင့်ဆိုင်သောတရားဖြစ်သတည်းဟု မိန့်တော်မူ၏။