ဝတ်​ပြု 13:7-13 BJB

7 စင်ကြယ်စေခြင်းငှါ ယဇ်ပုရောဟိတ်သည်ကြည့်ရှုပြီးမှ၊ နောက်တဖန် ယားနာတိုးပွားပြန်လျှင်၊ ယဇ်ပုရောဟိတ်ကြည့်ရှုပြန်၍၊

8 ယားနာတိုးပွားသည်ကိုမြင်သောအခါ၊ ထိုသူသည်မစင်ကြယ်ဟု စီရင်ရမည်။ နူနာဖြစ်၏။

9 နူနာစွဲသောသူကို ယဇ်ပုရောဟိတ်ထံသို့ခေါ်ခဲ့ရမည်။

10 ယဇ်ပုရောဟိတ်ကြည့်ရှု၍၊ အရေ၌ထသောအဖူးနှင့်တကွ အမွေးသည် ဖြူလျှင်၎င်း၊ အဖူး၌အသားစိုရှိလျှင်၎င်း၊-

11 ကိုယ်အရေ၌ ဟောင်းသောနူနာဖြစ်၏။ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ်စီရင်၍ချုပ်ထားသဖြင့်၊ သူသည် မစင်ကြယ်ဘဲနေရမည်။

12 နူနာသည် အရေ၌တိုးပွား၍ အနာစွဲသောသူတကိုယ်လုံး၊ ခေါင်းထိပ်မှသည် ခြေဘဝါးတိုင်အောင်၊ ယဇ်ပုရောဟိတ်ကြည့်ရှုလေရာရာ၌ နူနာနှံ့ပြားလျှင်၊ 

13 ထိုသို့ တကိုယ်လုံးအနာနှံ့ပြားသောသူသည်စင်ကြယ်၏ဟု ယဇ်ပုရောဟိတ် ဆင်ခြင်၍စီရင်ရမည်။ တကိုယ်လုံးဖြူသည်ဖြစ်၍ စင်ကြယ်၏။