ဝတ်​ပြု 13:9-15 BJB

9 နူနာစွဲသောသူကို ယဇ်ပုရောဟိတ်ထံသို့ခေါ်ခဲ့ရမည်။

10 ယဇ်ပုရောဟိတ်ကြည့်ရှု၍၊ အရေ၌ထသောအဖူးနှင့်တကွ အမွေးသည် ဖြူလျှင်၎င်း၊ အဖူး၌အသားစိုရှိလျှင်၎င်း၊-

11 ကိုယ်အရေ၌ ဟောင်းသောနူနာဖြစ်၏။ ထိုသူသည် မစင်ကြယ်ဟု ယဇ်ပုရောဟိတ်စီရင်၍ချုပ်ထားသဖြင့်၊ သူသည် မစင်ကြယ်ဘဲနေရမည်။

12 နူနာသည် အရေ၌တိုးပွား၍ အနာစွဲသောသူတကိုယ်လုံး၊ ခေါင်းထိပ်မှသည် ခြေဘဝါးတိုင်အောင်၊ ယဇ်ပုရောဟိတ်ကြည့်ရှုလေရာရာ၌ နူနာနှံ့ပြားလျှင်၊ 

13 ထိုသို့ တကိုယ်လုံးအနာနှံ့ပြားသောသူသည်စင်ကြယ်၏ဟု ယဇ်ပုရောဟိတ် ဆင်ခြင်၍စီရင်ရမည်။ တကိုယ်လုံးဖြူသည်ဖြစ်၍ စင်ကြယ်၏။

14 သို့မဟုတ် အသားစိုပေါ်လျှင်မစင်ကြယ်။

15 ယဇ်ပုရောဟိတ်သည် အသားစိုကိုကြည့်ရှု၍ ထိုသူသည်မစင်ကြယ်ဟု စီရင်ရမည်။ အသားစိုသည်မစင်ကြယ်။ နူနာအမှန်ဖြစ်၏။