ဝတ်​ပြု 14:23-29 BJB

23 မိမိစင်ကြယ်ခြင်းအလိုငှါ၊ ထာဝရဘုရားရှေ့တော်တွင် ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၊ ယဇ်ပုရောဟိတ်ထံသို့၊ အဋ္ဌမနေ့၌ဆောင်ခဲ့ပြီးမှ၊

24 ယဇ်ပုရောဟိတ်သည် ဒုစရိုက်အပြစ်ဖြေရာ ယဇ်သိုးသငယ်နှင့် ဆီတလောဃကိုယူ၍ ထာဝရဘုရားရှေ့တော်၌ချီလွှဲရာ၊ ပူဇော်သက္ကာဘို့ ချီလွှဲရမည်။

25 ထိုသိုးသငယ်ကိုသတ်ပြီးလျှင်၊ အသွေးကိုယူ၍ စင်ကြယ်စေရသောသူ၏ လက်ျာနားပျဉ်း၌၎င်း၊ လက်ျာလက်မ၊ လက်ျာခြေမ၌၎င်းထည့်ရမည်။

26 ဆီအချို့ကိုလည်း မိမိလက်ဝဲလက်ဝါး၌လောင်းပြီးလျှင်၊

27 ထိုဆီကိုမိမိလက်ျာလက်ညှိုးနှင့် ထာဝရဘုရားရှေ့တော်၌ ခုနစ်ကြိမ်တိုင်အောင်ဖြန်းရမည်။

28 မိမိလက်၌ကြွင်းသောဆီကို စင်ကြယ်စေရသောသူ၏ လက်ျာနားပျဉ်း၌၎င်း၊ လက်ျာလက်မ၊ လက်ျာခြေမ၌၎င်းရှိသော ဒုစရိုက်ဖြေရာယဇ်ကောင်အသွေးပေါ်မှာထည့်၍၊

29 မိမိ၌ကြွင်းသေးသောဆီကို ထိုလူခေါင်းအပေါ်မှာလောင်း၍၊ သူ့အဘို့ အပြစ်ဖြေခြင်းကို ထာဝရဘုရားရှေ့တော်၌ ပြုရမည်။