ဝတ်​ပြု 14:26-32 BJB

26 ဆီအချို့ကိုလည်း မိမိလက်ဝဲလက်ဝါး၌လောင်းပြီးလျှင်၊

27 ထိုဆီကိုမိမိလက်ျာလက်ညှိုးနှင့် ထာဝရဘုရားရှေ့တော်၌ ခုနစ်ကြိမ်တိုင်အောင်ဖြန်းရမည်။

28 မိမိလက်၌ကြွင်းသောဆီကို စင်ကြယ်စေရသောသူ၏ လက်ျာနားပျဉ်း၌၎င်း၊ လက်ျာလက်မ၊ လက်ျာခြေမ၌၎င်းရှိသော ဒုစရိုက်ဖြေရာယဇ်ကောင်အသွေးပေါ်မှာထည့်၍၊

29 မိမိ၌ကြွင်းသေးသောဆီကို ထိုလူခေါင်းအပေါ်မှာလောင်း၍၊ သူ့အဘို့ အပြစ်ဖြေခြင်းကို ထာဝရဘုရားရှေ့တော်၌ ပြုရမည်။

30 ထိုသူသည်တတ်နိုင်သမျှအတိုင်း ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊

31 အပြစ်ဖြေရာယဇ်ဘို့တကောင်၊ ဘောဇဉ်ပူဇော်သက္ကာနှင့်တကွ မီးရှို့ရာယဇ်ဘို့တကောင်ကိုဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်သည်ပူဇော်လျက်၊ ထိုသူအဘို့ အပြစ်ဖြေခြင်းကို ထာဝရဘုရားရှေ့တော်၌ ပြုရမည်။

32 ဤရွေ့ကား၊ နူနာစွဲ၍ မိမိစင်ကြယ်စေခြင်းငှါမတတ်နိုင်အောင် ဆင်းရဲသောသူနှင့် ဆိုင်သောတရားဖြစ်သတည်းဟု မိန့်တော်မူ၏။