ဝတ်​ပြု 14:47-53 BJB

47 ထိုအိမ်၌အိပ်သောသူ၊ စားသောက်သောသူသည်၊ မိမိအဝတ်ကိုလျှော်ရမည်။

48 ယဇ်ပုရောဟိတ်သည် အကြည့်အရှုလာသောအခါ၊ အိမ်ကိုအသစ်မွမ်းမံပြီးမှ အနာမတိုးပွါးလျှင်၊ အနာပျောက်သောကြောင့် ထိုအိမ်သည်စင်ကြယ်၏ဟု စီရင်ရမည်။

49 ထိုအိမ်ကိုစင်ကြယ်စေခြင်းငှါ ငှက်နှစ်ကောင်၊ အာရဇ်သစ်သား၊ နီမောင်းသောကြိုး၊ ဟုဿုပ်ပင်ညွန့်တို့ကိုယူ၍၊

50 စီးသောရေကိုထည့်သောမြေအိုးထဲ၌ ငှက်တကောင်ကိုသတ်ပြီးမှ၊

51 အာရဇ်သစ်သား၊ ဟုဿုပ်ပင်ညွှန့်၊ နီသောကြိုး၊ အသက်ရှင်သောငှက်ကိုယူ၍ ငှက်သွေးရောသော ရေ၌နှစ်ပြီးလျှင်၊ ထိုအိမ်ကို ခုနစ်ကြိမ်တိုင်အောင်ဖြန်းရမည်။

52 ထိုသို့ငှက်သွေးအစရှိသည်တို့နှင့် ထိုအိမ်ကိုစင်ကြယ်စေပြီးမှ၊

53 အသက်ရှင်သောငှက်ကို မြို့ပြင်ဟင်းလင်းသောအရပ်၌လွှတ်လိုက်၍၊ ထိုအိမ်အဘို့၊ အပြစ်ဖြေခြင်းကိုပြုလျှင်၊ စင်ကြယ်ခြင်းရှိလိမ့်မည်။