ဝတ်​ပြု 15:14-20 BJB

14 အဋ္ဌမနေ့၌လည်း၊ ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ တခုခုကို ထာဝရဘုရားရှေ့တော်၌ ပရိသတ်စည်းဝေးရာတံခါးနားသို့ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်အားပေးရမည်။

15 ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်ဘို့တကောင်၊ မီးရှို့ရာယဇ်ဘို့တကောင်ကိုပူဇော်၍၊ ရိနာစွဲသောသူအဘို့ ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေခြင်းကိုပြုရမည်။

16 ယောက်ျားသည်သုတ်ရည်ထွက်လျှင် တကိုယ်လုံးရေချိုးရမည်။ ညဦးတိုင်အောင်မစင်ကြယ်ဖြစ်၏။

17 သုတ်ရည်ထိသောအဝတ်၊ သားရေရှိသမျှတို့ကိုရေနှင့်လျှော်ရမည်။

18 ညဦးတိုင်အောင်မစင်ကြယ်ဖြစ်၏။ ယောက်ျားသည် မိန်းမနှင့် သံဝါသပြုလျှင်၊ နှစ်ယောက်စလုံးရေချိုးရမည်။ ညဦးတိုင်အောင်မစင်ကြယ်ဖြစ်၏။

19 မိန်းမသည်ဥတုရောက်လျှင်၊ ခုနစ်ရက်ပတ်လုံး ဥတုမစင်ကြယ်ရာ၌နေရမည်။ သူ့ကိုထိသောသူသည် ညဦးတိုင်အောင်မစင်ကြယ်ဖြစ်၏။

20 ဥတုမစင်ကြယ်လျက်အိပ်သမျှ၊ ထိုင်သမျှတို့သည် မစင်ကြယ်ဖြစ်၏။