ဝတ်​ပြု 15:19-25 BJB

19 မိန်းမသည်ဥတုရောက်လျှင်၊ ခုနစ်ရက်ပတ်လုံး ဥတုမစင်ကြယ်ရာ၌နေရမည်။ သူ့ကိုထိသောသူသည် ညဦးတိုင်အောင်မစင်ကြယ်ဖြစ်၏။

20 ဥတုမစင်ကြယ်လျက်အိပ်သမျှ၊ ထိုင်သမျှတို့သည် မစင်ကြယ်ဖြစ်၏။

21 သူ၏အိပ်ရာ၊ သူ၏ထိုင်ရာကိုထိသောသူသည် မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုရေချိုးရမည်။

22 ညဦးတိုင်အောင်မစင်ကြယ်ဖြစ်၏။

23 သူ၏နေရာထိုင်ရာစွန်းလျှင်၊ ထိုနေရာထိုင်ရာကို ထိသောသူသည် ညဦးတိုင်အောင်မစင်ကြယ်ဖြစ်၏။

24 ဥတုရောက်သောမိန်းမနှင့် သံဝါသပြုသောသူသည် ခုနစ်ရက်ပတ်လုံး မစင်ကြယ်၊ အိပ်ရာရှိသမျှလည်း မစင်ကြယ်ဖြစ်၏။

25 ဥတုမစင်ကြယ်ရာကာလလွန်မှ၊ သွေးယိုနာမပျောက်လျှင်၊ အနာမပျောက်မှီတိုင်အောင် ဥတုမစင်ကြယ်လျက်နေရသကဲ့သို့ မစင်ကြယ်ဖြစ်၏။