5 သူ၏အိပ်ရာကိုထိသောသူ၊ သူ့ထိုင်ရာအပေါ်မှာထိုင်သောသူ၊
6 သူ၏ကိုယ်ကိုထိသောသူ၊
7 သူ၏တံထွေးထိမိသောသူသည်၊ မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုရေးချိုးရမည်။
8 ညဦးတိုင်အောင်မစင်ကြယ်ဖြစ်၏။
9 ရိနာစွဲသောသူစီးသော ကုန်းနှီးလည်းမစင်ကြယ်။
10 သူ့အောက်၌ရှိသောအရာကိုထိသောသူသည် ညဦးတိုင်အောင်မစင်ကြယ်။ ထိုအရာတစုံတခုကို ဆောင်သောသူသည်၊ မိမိအဝတ်ကိုလျှော်၍ ကိုယ်ကို ရေချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
11 ရိနာစွဲသောသူသည်၊ လက်မဆေးဘဲသူတပါးကိုလက်နှင့်ထိလျှင်၊ ထိုသူသည် မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုရေချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။