ဝတ်​ပြု 16:19-25 BJB

19 ယဇ်ပလ္လင်အပေါ်၌လည်း ထိုအသွေးကိုလက်ညှိုးနှင့် ခုနစ်ကြိမ်တိုင်အောင် ဖြန်း၍ ဣသရေလအမျိုးသားတို့၏မစင်ကြယ်သောအပြစ်မှ စင်ကြယ်သန့်ရှင်းစေရမည်။

20 ထိုသို့သန့်ရှင်းရာဌာနတော်အဘို့၊ ပရိသတ်စည်းဝေးရာတဲတော်အဘို့၊ ယဇ်ပလ္လင်အဘို့၊ အပြစ်ဖြေခြင်းကိုပြီးစီးပြီးမှ၊ အသက်ရှင်သောဆိတ်ကို ဆောင်ခဲ့ရမည်။

21 အာရုန်သည် အသက်ရှင်သောဆိတ်ခေါင်းပေါ်မှာ လက်နှစ်ဘက်ကို တင်လျက်၊ ဣသရေလအမျိုးသားတို့၏ဒုစရိုက်မှစ၍ ပြစ်မှားသောအပြစ် အမျိုးမျိုးရှိသမျှတို့ကိုဘော်ပြ၍၊ ဆိတ်ခေါင်းပေါ်မှာတင်ထားပြီးလျှင်၊ တော်လျော်သောလူတွင် တောသို့စေလွှတ်ရမည်။

22 သူတို့အပြစ်ရှိသမျှကို၊ လူမနေသော အရပ်သို့ဆောင်သွားသော ထိုဆိတ်ကို တော၌လွှတ်လိုက်ရမည်။

23 တဖန် အာရုန်သည် ပရိသတ်စည်းဝေးရာတဲတော်ထဲသို့ဝင်၍၊ သန့်ရှင်းရာဌာနတော်ထဲသို့ အရင်ဝင်သောအခါ၊ ဝတ်သော ပိတ်ချောအဝတ်ကို ချွတ်၍ ထိုအရပ်၌ထားရမည်။

24 သန့်ရှင်းရာဌာန၌ ကိုယ်ကိုရေချိုး၍၊ မိမိအဝတ်ကိုဝတ်ပြီးမှ တဖန်ထွက်လာ၍၊ မိမိမီးရှို့ရာယဇ်၊ လူများမီးရှို့ရာယဇ်ကိုပူဇော်သဖြင့်၊ မိမိအဘို့နှင့် လူများအဘို့ အပြစ်ဖြေခြင်းကို ပြုရမည်။

25 အပြစ်ဖြေရာယဇ်ကောင်ဆီဥကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။