ဝတ်​ပြု 17:2-8 BJB

2 သင်သည် အာရုန်နှင့် သူ၏သား၊ ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊

3 ဣသရေလအမျိုးသားတစုံတယောက်သည် သိုး၊ ဆိတ်၊ နွားကို တပ်ထဲမှာ သတ်သည်ဖြစ်စေ၊ တပ်ပြင်မှာသတ်သည်ဖြစ်စေ၊

4 ထာဝရဘုရား၏တဲတော်ရှေ့တွင် ထာဝရဘုရားအား ပူဇော်သက္ကာပြုခြင်းငှါ ပရိသတ်စည်းဝေးရာ တဲတော်တံခါးသို့မဆောင်ခဲ့လျှင်၊ ထိုသူသည် အသက်သတ်သော အပြစ်ရှိသည်ဟုမှတ်ရမည်။ အသက်သတ်သော ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်။

5 ဣသရေလအမျိုးသားတို့သည် တော၌ပူဇော်သောယဇ်တို့ကို၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့တွင် ထာဝရဘုရားထံတော်မှာ ယဇ်ပုရောဟိတ်ရှေ့သို့ဆောင်ခဲ့၍၊ ထာဝရဘုရားအား မိဿဟာယယဇ် ပူဇော်စေခြင်းငှါ ထိုသို့စီရင်ရသတည်း။

6 ယဇ်ပုရောဟိတ်သည်၊ ထိုယဇ်ကောင်အသွေးကို ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၌ရှိသော ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်မှာဖြန်း၍၊ ဆီဥကိုလည်း ထာဝရဘုရားအား မွှေးကြိုင်ရာဘို့မီးရှို့ရမည်။

7 သူတို့သည် အထက်ကမှားယွင်းသကဲ့သို့ နောက်တဖန် နတ်ဆိုးတို့အား ယဇ်မပူဇော်ရ။ ဤပညတ်သည် သူတို့အမျိုးအစဉ်အဆက်စောင့်ရသော ပညတ်တော် ဖြစ်သတည်း။

8 ဣသရေလအမျိုးသားချင်းဖြစ်စေ၊ သင်တို့တွင်တည်းနေသော တပါးအမျိုးသားဖြစ်စေ၊ မီးရှို့ရာယဇ်အစရှိသော အခြားသောယဇ်တစုံတခုကို ပူဇော်သောအခါ၊