ဝတ်​ပြု 17:8-14 BJB

8 ဣသရေလအမျိုးသားချင်းဖြစ်စေ၊ သင်တို့တွင်တည်းနေသော တပါးအမျိုးသားဖြစ်စေ၊ မီးရှို့ရာယဇ်အစရှိသော အခြားသောယဇ်တစုံတခုကို ပူဇော်သောအခါ၊

9 ထာဝရဘုရားအားပူဇော်သက္ကာပြုခြင်းငှါ၊ ပရိသတ်စည်းဝေးရာတံခါးသို့ မဆောင်ခဲ့လျှင်၊ ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်ဟု သူတို့အားဆင့်ဆိုရမည်။

10 ဣသရေလအမျိုးသားမှစ၍၊ သင်တို့တွင်တည်းနေသော တပါးအမျိုးသား တစုံတယောက်သည်၊ အသွေးတမျိုးမျိုးကိုစားလျှင်၊ ထိုသူကို ငါသည်မျက်နှာထား၍ သူ၏အမျိုးမှပယ်ရှင်းမည်။

11 အကြောင်းမူကား၊ ကိုယ်ခန္ဓာအသက်သည် အသွေး၌တည်၏။ သင်တို့ပြုသောအပြစ်ကို ဖြေစေခြင်းငှါ၊ ထိုအသွေးကိုသင်တို့အား ယဇ်ပလ္လင်ပေါ်မှာ ငါပေးပြီ။ လူအပြစ်ကိုဖြေသောအရာကား၊ အသွေးဖြစ်သတည်း။

12 ထိုကြောင့် သင်တို့၌ အဘယ်သူမျှ အသွေးကိုမစားရ။ သင်တို့တွင် တည်းနေသော တပါးအမျိုးသားလည်း အသွေးကိုမစားရဟု ဣသရေလအမျိုးသားတို့အား ငါ့အမိန့်တော်ရှိ၏။

13 ဣသရေလအမျိုးသားမှစ၍ သင်တို့တွင်တည်းနေသော တပါးအမျိုးသား တစုံတယောက်သည်၊ မုဆိုးလုပ်၍စားစရာဘို့ သား၊ ငှက်ကိုဘမ်းမိလျှင်၊ အသွေးကို သွန်၍မြေနှင့်ဖုံးရမည်။

14 အသွေးသည် ခပ်သိမ်းသောကိုယ်ခန္ဓာ အသက်ရှင်ရာအကြောင်းဖြစ်၏။ ထိုကြောင့် သင်တို့သည် တစုံတခုသောကိုယ်ခန္ဓာ၏အသွေးကို မစားရဟု ဣသရေလအမျိုးသားတို့အား ငါ့အမိန့်တော်ရှိ၏။ ခပ်သိမ်းသော ကိုယ်ခန္ဓာအသက်သည် အသွေး၌တည်သောကြောင့်၊ အသွေးကိုစားသောသူ မည်သည်ကား၊ ပယ်ရှင်းခြင်းကိုခံရမည်။