1 တဖန်မောရှေအား ထာဝရဘုရားက၊
2 သင်သည် ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့၏ဘုရားသခင် ငါထာဝရဘုရားသည်သန့်ရှင်းသောကြောင့်၊ သင်တို့လည်း သန့်ရှင်းခြင်းရှိကြလော့။
3 လူတိုင်း ကိုယ်မိဘကိုရိုသေရမည်။ ငါ့ဥပုသ်နေ့တို့ကိုလည်းစောင့်ရမည်။ ငါသည်သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။
4 ရုပ်တုဆင်းတုကိုလည်း မချဉ်းမကပ်ရ။ ကိုယ်အဘို့သွန်းသောဘုရားတို့ကို မလုပ်ရ။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။