ဝတ်​ပြု 19:23-29 BJB

23 သင်တို့သည် ငါပေးသောပြည်သို့ရောက်၍၊ စားအပ်သောအပင်အမျိုးမျိုးကို စိုက်ပြီးမှ၊ သုံးနှစ်ပတ်လုံးသီးသောအသီးကို၊ အရေဖျားလှီးခြင်းကို မခံသော အသီးဟူ၍ မှတ်ရမည်။ ထိုအသီးကိုမစားရ။

24 စတုတ္ထနှစ်တွင် သီးသောအသီးရှိသမျှသည်သန့်ရှင်း၍၊ ထာဝရဘုရား၏ ကျေးဇူးတော်ကိုချီးမွမ်းဘို့ရာ ဖြစ်ရမည်။

25 ပဥ္စမနှစ်တွင် သီးသောအသီးကိုစားရမည်။ ထိုသို့ပြုလျှင် အပင်တို့သည် သာ၍သီးကြလိမ့်မည်။ ငါသည်သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။

26 အသွေးပါသော အသေကောင်ကိုမစားရ။ မကောင်းသော အတတ်ကိုမပြုစုရ။ ကာလဗေဒင်ကိုမကြည့်ရ။

27 ဦးခေါင်းအနားပတ်လည်၌ ဆံပင်ကိုဝန်း၍မရိတ်ရ။ ပါးမုန်းကိုလည်းမရိတ်ရ။

28 သေသောသူအတွက် ကိုယ်အသားကိုမခုတ်မရှရ။ သံပူမထိုးရ။ ငါသည် ထာဝရဘုရားဖြစ်၏။

29 ကိုယ်သမီးကိုပြည်တန်ဆာဖြစ်စေခြင်းငှါ မရှုတ်မချရ။ သို့ပြုလျှင် တပြည်လုံးသည် မတရားသောမေထုန်သို့လိုက်၍၊ အဓမ္မအမှုနှင့်ပြည့်လိမ့်မည်။