ဝတ်​ပြု 19:5-11 BJB

5 မိဿဟာယယဇ်ကို ထာဝရဘုရားအားပူဇော်လျှင်၊ စိတ်တော်နှင့်တွေ့အောင် ပူဇော်ရမည်။

6 ပူဇော်သောနေ့နှင့် နက်ဖြန်နေ့၌စားရမည်။ သန်ဘက်နေ့တိုင်အောင် ကျန်ကြွင်းလျှင် မီးရှို့ရမည်။

7 သန်ဘက်နေ့၌ အနည်းငယ်ကိုမျှစားလျှင် ရွံရှာဘွယ်ဖြစ်၏။ စိတ်တော်နှင့်မတွေ့။

8 စားသောသူသည် ထာဝရဘုရား၏သန့်ရှင်းသောအရာကို ရှုတ်ချသောကြောင့် မိမိအပြစ်ကိုခံရမည်။ ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်။

9 ကိုယ်မြေ၌ဖြစ်သောစပါးကိုရိတ်သောအခါ၊ လယ်ထောင့်တို့ကို အကုန်အစင် မရိတ်ရ။ သိမ်းရာတွင် ကျန်ကြွင်းသောအရာကို ပြန်၍မကောက်မသိမ်းရ။

10 ကိုယ်စပျစ်သီးကိုလည်း အကုန်အစင်မသိမ်းရ။ ကျန်ကြွင်းသောအသီးကို ပြန်၍မဆွတ်ရ။ ထိုအသီးကိုဆင်းရဲသောသူ ဧည့်သည်အာဂန္တုအဘို့ ချန်ခြွင်းရမည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။

11 သူ့ဥစ္စာကိုမခိုးရ။ သူတပါးကိုမလှည့်စားရ။ တယောက်ကိုတယောက် မုသာစကားမပြောရ။