ဝတ်​ပြု 20:1-6 BJB

1 တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊

2 ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလအမျိုး၌တည်းနေသော တပါးအမျိုးသားဖြစ်စေ၊ မိမိသားကို မောလုတ်ဘုရားအားဆက်ကပ်သောသူသည် အသေသတ်ခြင်းကိုအမှန်ခံရမည်။ ပြည်သားတို့လည်း ခဲနှင့် ပစ်ရကြမည်။

3 ငါ့သန့်ရှင်းရာဌာနတော်ကိုညစ်ညူးစေလျက်၊ ငါ့သန့်ရှင်းသောနာမတော်ကို ရှုတ်ချလျက်၊ မိမိသားကို မောလုတ်ဘုရားအားဆက်ကပ်သောသူကို၊ ငါသည် မျက်နှာထား၍ သူ၏အမျိုးမှပယ်ရှင်းမည်။

4 မိမိသားကို မောလုတ်ဘုရားအားဆက်ကပ်သောသူကို ပြည်သားတို့သည် အမှုမထားမသတ်ဘဲနေလျှင်၊

5 ထိုသို့ နေသောသူနှင့် သူ၏အိမ်သူအိမ်သားတို့ကို ငါသည်မျက်နှာထား၍ ထိုသူကို၎င်း၊ သူနှင့်အတူ မောလုတ်ဘုရားထံ၌မှားယွင်းသောသူကို၎င်း၊ သူတို့အမျိုးမှ ပယ်ရှင်းမည်။

6 လမ်းလွဲ၍နတ်ဝင်သူ၊ စုန်းလုပ်သူနောက်သို့လိုက်လျက်၊ မှားယွင်းသောသူကို ငါသည်မျက်နှာထား၍ သူ၏အမျိုးမှပယ်ရှင်းမည်။