ဝတ်​ပြု 20:17-23 BJB

17 ယောက်ျားသည် အဘ၏သမီး၊ အမိ၏သမီးဖြစ်သောမိမိနှမနှင့် သင့်နေလျှင်၊ မတရားသောအမှုဖြစ်၏။ ထိုသူတို့သည် အမျိုးသားချင်းတို့ရှေ့မှောက်၌ ပယ်ရှင်းခြင်းကိုခံရကြမည်။ ထိုယောက်ျားသည် နှမနှင့်သင့်နေသောကြောင့်၊ မိမိအပြစ်ကိုခံရမည်။

18 ယောက်ျားသည် ဥတုရောက်လျက်ရှိသောမိန်းမနှင့်သင့်နေလျှင်၊ ထိုသူတို့သည် သဘောတူ၍ သွေးသွန်အနာကိုထင်ရှားစေသောကြောင့်၊ သူတို့အမျိုးမှ ပယ်ရှင်းခြင်းကိုခံရကြမည်။

19 အဘ၏နှမ၊ အမိ၏ညီမနှင့် မသင့်မနေရ။ ထိုသို့သောပေါက်ဘော်ရင်းနှင့် သင့်နေသောသူတို့သည် မိမိအပြစ်ကိုခံရကြမည်။

20 အဘ၏ညီအစ်ကိုမယားနှင့် သင့်နေလျှင်၊ အဘ၏ညီအစ်ကိုနှင့်သာဆိုင်သော အရာကို ပြစ်မှားသောကြောင့်၊ ထိုသူတို့သည်မိမိအပြစ်ကိုခံရသဖြင့်၊ တသက်လုံး သားမရဘဲနေရလိမ့်မည်။

21 ညီအစ်ကို၏မယားနှင့် သင့်နေလျှင် ညစ်ညူးသောအမှုဖြစ်၏။ ညီအစ်ကိုနှင့်သာဆိုင်သောအရာကိုပြစ်မှားသောကြောင့် ထိုသူတို့သည် သားမရဘဲနေရလိမ့်မည်။

22 သင်တို့ကိုငါပို့ဆောင်၍ နေရာချသောပြည်သည် မအော့အန်စေခြင်းငှါ၊ သင်တို့သည် ငါစီရင်ထုံးဖွဲ့သမျှတို့ကို ကျင့်ဆောင်ရမည်။

23 သင်တို့ရှေ့မှ ငါနှင်ထုတ်သောလူအမျိုးမျိုးတို့၏ ဘာသာဓလေ့သို့မလိုက်ရ။ သူတို့သည် ထိုသို့သောအမှုခပ်သိမ်းတို့ကိုပြုသောကြောင့် ငါရွံရှာ၏။