ဝတ်​ပြု 20:6-12 BJB

6 လမ်းလွဲ၍နတ်ဝင်သူ၊ စုန်းလုပ်သူနောက်သို့လိုက်လျက်၊ မှားယွင်းသောသူကို ငါသည်မျက်နှာထား၍ သူ၏အမျိုးမှပယ်ရှင်းမည်။

7 သင်တို့၏ဘုရားသခင် ငါထာဝရဘုရားသည်သန့်ရှင်းသောကြောင့်၊ သင်တို့သည် ကိုယ်ကိုသန့်ရှင်းစေ၍၊ သန့်ရှင်းခြင်းရှိကြလော့။

8 ငါ့နည်းနိဿယတို့ကိုကျင့်ဆောင်ရကြမည်။ ငါသည် သင်တို့ကို သန့်ရှင်းစေသော ထာဝရဘုရားဖြစ်၏။

9 မိဘကိုကျိန်ဆဲသောသူတိုင်း အသေသတ်ခြင်းကိုအမှန်ခံရမည်။ မိဘကို ကျိန်ဆဲသောကြောင့် သေထိုက်သောအပြစ်ရှိ၏။

10 သူ့မယားကိုပြစ်မှားသောသူသည် မှားယွင်းသောမိန်းမနှင့်တကွ အသေသတ်ခြင်းကိုအမှန်ခံရမည်။

11 ကိုယ်အဘ၏မယားနှင့်သင့်နေသောသူသည် အဘနှင့်သာဆိုင်သောအရာကို ပြစ်မှားသောကြောင့်၊ ထိုမိန်းမနှင့်တကွအသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သောအပြစ်ရှိ၏။

12 ယောက်ျားသည် ကိုယ်ချွေးမနှင့်သင့်နေလျှင်၊ ထိုသူနှစ်ယောက်တို့သည် ရွံရှာဘွယ်သောရောနှောခြင်းကိုပြုသောကြောင့် အသေသတ်ခြင်းကိုအမှန်ခံရမည်။ သေထိုက်သောအပြစ်ရှိ၏။