ဝတ်​ပြု 21:1-7 BJB

1 တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် အာရုန်၏သား၊ ယဇ်ပုရောဟိတ်တို့အားဆင့်ဆိုရမည်မှာ၊ အမျိုးသားချင်းသေသောသူအတွက် သင်တို့တွင်အဘယ်သူမျှ ညစ်ညူးခြင်းမရှိရ။

2 သို့ရာတွင် ပေါက်ဘော်ရင်းတည်းဟူသော မိဘ၊ သားသမီး၊ ညီအစ်ကို၊

3 လင်မနေသောကညာနှမရင်းအတွက် ညစ်ညူးခြင်းကိုခံရသော အခွင့်ရှိ၏။

4 အမျိုးသားချင်းသူကြီးအတွက်၊ ကိုယ်ကိုကိုယ်ရှုတ်ချ၍ ညစ်ညူးခြင်းမရှိရ။

5 ယဇ်ပုရောဟိတ်သည် ဆံပင်ကိုမရိတ်ရ။ ပါးမုန်းကိုမရိတ်ရ။ အသား၌ ခုတ်ရှခြင်းကိုမပြုရ။

6 သူသည် မိမိဘုရားသခင်အဘို့သန့်ရှင်းရမည်။ မိမိဘုရားသခင်၏နာမတော်ကို မရှုတ်မချရ။ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သက္ကာ၊ မိမိဘုရားသခင်၏ အစာအာဟာရကို ပူဇော်သောကြောင့် သန့်ရှင်းခြင်းရှိရမည်။

7 သူသည်ပြည်တန်ဆာမိန်းမ၊ သီလပျက်သောမိန်းမ၊ လင်နှင့်ကွာသောမိန်းမနှင့် မစုံဘက်ရ။ မိမိဘုရားသခင်အဘို့ သန့်ရှင်း၏။