ဝတ်​ပြု 21:4-10 BJB

4 အမျိုးသားချင်းသူကြီးအတွက်၊ ကိုယ်ကိုကိုယ်ရှုတ်ချ၍ ညစ်ညူးခြင်းမရှိရ။

5 ယဇ်ပုရောဟိတ်သည် ဆံပင်ကိုမရိတ်ရ။ ပါးမုန်းကိုမရိတ်ရ။ အသား၌ ခုတ်ရှခြင်းကိုမပြုရ။

6 သူသည် မိမိဘုရားသခင်အဘို့သန့်ရှင်းရမည်။ မိမိဘုရားသခင်၏နာမတော်ကို မရှုတ်မချရ။ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သက္ကာ၊ မိမိဘုရားသခင်၏ အစာအာဟာရကို ပူဇော်သောကြောင့် သန့်ရှင်းခြင်းရှိရမည်။

7 သူသည်ပြည်တန်ဆာမိန်းမ၊ သီလပျက်သောမိန်းမ၊ လင်နှင့်ကွာသောမိန်းမနှင့် မစုံဘက်ရ။ မိမိဘုရားသခင်အဘို့ သန့်ရှင်း၏။

8 သင်၏ဘုရားသခင်ပွဲတော်ကိုဆက်သောကြောင့်၊ သူ့ကိုသန့်ရှင်းစေ၍၊ သူသည် သင့်အဘို့သန့်ရှင်းရမည်။ သင်တို့ကိုသန့်ရှင်းစေသော ငါထာဝရဘုရားသန့်ရှင်း၏။

9 ယဇ်ပုရောဟိတ်သမီးသည်၊ ပြည်တန်ဆာလုပ်၍ ကိုယ့်ကိုကိုယ်ရှုတ်ချလျှင်၊ မိမိအဘကို ရှုတ်ချရာရောက်၏။ ထိုသူကိုမီးရှို့ရမည်။

10 မိမိအမျိုးသားချင်းတို့တွင်၊ အဝတ်တန်ဆာဆင်လျက်၊ အရာ၌ခန့်ထား၍ မိမိခေါင်းပေါ်မှာ ဆီလောင်းခြင်းဘိသိက်ကိုခံသော ယဇ်ပုရောဟိတ်မင်းသည်၊ မိမိခေါင်း၌ တန်ဆာကိုမချွတ်ရ။ မိမိအဝတ်ကိုမဆုတ်ရ။