ဝတ်​ပြု 22:15-21 BJB

15 ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားအားပူဇော်၍၊ သန့်ရှင်းသောအရာတို့ကို မရှုတ်မချရ။

16 ထိုအရာတို့ကိုစားမိ၍ ပြစ်မှားသောအပြစ်ကိုမခံစေရ။ ငါထာဝရဘုရားသည် သူတို့ကိုသန့်ရှင်းစေသည်ဟု မိန့်တော်မူ၏။

17 တဖန်မောရှေအားထာဝရဘုရားက သင်သည် အာရုန်နှင့် သူ၏သား ဣသရေလအမျိုးသားအပေါင်းတို့အား ဆင့်ဆိုရမည်မှာ၊

18 ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလအမျိုး၌တည်းနေသော တပါး အမျိုးသားဖြစ်စေ၊ သစ္စာဂတိရှိ၍ပြုသောပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာတည်းဟူသော မီးရှို့ရာယဇ်ကို ထာဝရဘုရားအားပူဇော်လိုလျှင်၊

19 စိတ်တော်နှင့်တွေ့ခြင်းငှါ၊ အပြစ်မပါသောသိုး၊ ဆိတ်၊ နွားအထီးကို ပူဇော်ရမည်။

20 အပြစ်ပါသောအကောင်ကို မပူဇော်ရ။ ပူဇော်လျှင် စိတ်တော်နှင့်မတွေ့။

21 သစ္စာဂတိရှိ၍ပြုသောပူဇော်သက္ကာ၊ အလိုလိုပြုသောပူဇော်သက္ကာ သိုး၊ ဆိတ်၊ နွားကို ထာဝရဘုရားအားယဇ်ပူဇော်လိုလျှင်၊ စိတ်တော်နှင့် တွေ့ခြင်းငှါစုံလင်ရမည်။ အပြစ်တစုံတခုမျှမရှိရ။