ဝတ်​ပြု 22:22-28 BJB

22 မျက်စိကန်းသောအပြစ်၊ အရိုးကျိုးသောအပြစ်၊ အင်္ဂါချို့တဲ့သောအပြစ်၊ မြင်းဖုရှိသောအပြစ်၊ ဝဲနာ၊ ယားနာစွဲသောအပြစ်၊ တစုံတခုရှိလျှင်၊ ထာဝရဘုရားအား မပူဇော်ရ။ ယဇ်ပလ္လင်ပေါ်မှာထာဝရဘုရားအား မီးဖြင့်ပူဇော်သက္ကာမပြုရ။

23 သို့ရာတွင် အင်္ဂါပိုခြင်း၊ ချို့တဲ့ခြင်းအပြစ်ရှိသော သိုး၊ ဆိတ်၊ နွားကို အလိုလို ပူဇော်သက္ကာဘို့ပူဇော်ရမည်။ သစ္စာဂတိနှင့်ဆိုင်၍ပူဇော်လျှင် စိတ်တော်နှင့်မတွေ့။

24 ကြိတ်နယ် စုတ်ပြတ်ရာအနာရှိသောအထီးကို ထာဝရဘုရားအားမပူဇော်ရ။ သင်တို့ပြည်၌ ထိုသို့သောအကောင်ကို ပူဇော်သက္ကာမပြုရ။

25 ထိုသို့သောအကောင်ကို တပါးအမျိုးသားဆက်သော်လည်း ပျက်သောအပြစ်ပါသောကြောင့်၊ သင်တို့၏ဘုရားသခင့်ပွဲတော်ဘို့ မပူဇော်ရ။ ပူဇော်လျှင်စိတ်တော်နှင့်မတွေ့ဟု မိန့်တော်မူ၏။

26 တဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊

27 သိုး၊ ဆိတ်၊ နွားတို့သည်မွေးဘွားသောအခါ ခုနစ်ရက်အတွင်းတွင် သားငယ်ကို အမိနှင့် မကွာစေရ။ အဋ္ဌမနေ့မှစ၍ ထာဝရဘုရားအား မီးဖြင့်ပူဇော်သက္ကာဘို့တော်သင့်၏။

28 နွားဖြစ်စေ၊ သိုးဆိတ်ဖြစ်စေ၊ သားအမိနှစ်ကောင်ကို တနေ့ခြင်းတွင်မသတ်ရ။