ဝတ်​ပြု 22:7-13 BJB

7 နေဝင်သောနောက်မှ သန့်ရှင်းခြင်းသို့ရောက်သည်ဖြစ်၍၊ သန့်ရှင်းသောအရာသည် သူတို့စားစရာဖြစ်သောကြောင့်၊ ထိုနောက်မှစားရကြမည်။

8 အလိုလိုသေသောအကောင်၊ သားရဲကိုက်၍သေသောအကောင်အားဖြင့် ကိုယ်ကိုညစ်ညူးစေ၍ မစားရ။ ငါသည်ထာဝရဘုရားဖြစ်၏။

9 ယဇ်ပုရောဟိတ်တို့သည် ငါ့ပညတ်တော်ကိုဖျက်သဖြင့်၊ ကိုယ်အပြစ်ကိုခံလျက် မသေရမည်အကြောင်း ငါ့ပညတ်တရားကိုစောက်ရှောက်ရကြမည်။ ငါထာဝရဘုရားသည် သူတို့ကိုသန့်ရှင်းစေ၏။

10 တပါးအမျိုးသားသည် သန့်ရှင်းသောအရာကိုမစားရ။ ယဇ်ပုရောဟိတ်၌ တည်းနေသော ဧည့်သည်မစားရ။ သူငှါးလည်းမစားရ။

11 ယဇ်ပုရောဟိတ်သည် ကိုယ်ငွေနှင့်ဝယ်သောသူ၊ သူ၏ အိမ်၌မွေးသောသူသည် သူ၏အစာကိုစားရမည်။

12 ယဇ်ပုရောဟိတ်သမီးသည် တပါးအမျိုးသား၏မယားဖြစ်လျှင်၊ သန့်ရှင်းသော ပူဇော်သက္ကာအရာကိုမစားရ။

13 သို့ရာတွင်လင်သေသော်၎င်း၊ လင်နှင့်ကွာသော်၎င်း၊ သားမရှိဘဲ မိမိအဘအိမ်သို့ပြန်၍ ငယ်စဉ်အခါနေသကဲ့သို့ နေပြန်လျှင်၊ အဘ၏အစာကို စားရမည်။ တပါးအမျိုးသားမစားရ။