ဝတ်​ပြု 23:1-7 BJB

1 တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည်ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊

2 သင်တို့သည် စီရင်ရသောဓမ္မစည်းဝေးခြင်းတည်းဟူသော ငါထာဝရဘုရား၏ ပွဲတော်များဟူမူကား၊

3 ခြောက်ရက်ပတ်လုံးအလုပ်လုပ်ရမည်။ သတ္တမနေ့ရက်သည် ငြိမ်ဝပ်စွာနေရသောဥပုသ်နေ့၊ ဓမ္မစည်းဝေးခြင်းကိုပြုရသောနေ့ဖြစ်၏။ ထို့နေ့၌ သင်တို့သည် အလုပ်မလုပ်ရကြ။ သင်တို့နေရာအရပ်ရပ်၌ ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။

4 အချိန်တန်မှ သင်တို့ကြော်ငြာရသောဓမ္မစည်းဝေးခြင်းတည်းဟူသော ထာဝရဘုရား၏ပွဲတော်များဟူမူကား၊

5 ပဌမလဆယ်လေးရက်နေ့ ညဦးယံ၌ ထာဝရဘုရား၏ပသခါပွဲဖြစ်၏။

6 ၎င်းလဆယ်ငါးရက်နေ့၌ ထာဝရဘုရားအဘို့ အဇုမပွဲကိုခံရကြမည်။ ခုနစ်ရက်ပတ်လုံးတဆေးမဲ့မုန့်ကို စားရကြမည်။

7 ပဌမနေ့၌ ဓမ္မစည်းဝေးခြင်းကိုပြုရမည်။ လောကီအလုပ်ကိုမလုပ်ရ။