ဝတ်​ပြု 23:11-17 BJB

11 သင်တို့သည် စိတ်တော်နှင့်တွေ့ခြင်းငှါ ယဇ်ပုရောဟိတ်သည် ဥပုသ်နေ့လွန်မှ၊ နက်ဖြန်နေ့တွင် ထိုကောက်လှိုင်းကို ထာဝရဘုရားရှေ့တော်၌ချီလွှဲရမည်။

12 ကောက်လှိုင်းကိုချီလွှဲသောနေ့၌ အခါမလည် အပြစ်မပါသော သိုးသငယ်အထီးကို ထာဝရဘုရားအဘို့ မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။

13 ထိုယဇ်နှင့်ဆိုင်သောဘောဇဉ်ပူဇော်သက္ကာကား၊ ထာဝရဘုရားအား မွှေးကြိုင်ရာဘို့ မီးဖြင့်ပြုသောပူဇော်သက္ကာတည်းဟူသော ဆီနှင့်ရောသော မုန့်ညက်နှစ်ဩမဲဖြစ်ရမည်။ သွန်းလောင်းရာပူဇော်သက္ကာကား၊ စပျစ်ရည်သုံးလောဃ ဖြစ်ရမည်။

14 သင်တို့၏ဘုရားသခင်ထံတော်သို့ ပူဇော်သက္ကာကိုဆောင်ခဲ့သောနေ့ မရောက်မှီ၌ မုန့်၊ ဆန်လှော်၊ စိမ်းသောအသီးအနှံကိုမစားရ။ သင်တို့နေရာအရပ်ရပ်၌ သင်တို့အမျိုးအစဉ်အဆက်စောင့်ရသော ပညတ်တော်ဖြစ်သတည်း။

15 ချီလွှဲရာပူဇော်သက္ကာကောက်လှိုင်းကို ဆောင်ခဲ့သောနေ့၊ ဥပုသ်နေ့အလွန် နက်ဖြန်နေ့ကစ၍ သီတင်းခုနစ်သီတင်းစေ့အောင်ရေတွက်ရမည်။

16 သတ္တမဥပုသ်နေ့အလွန်နက်ဖြန်နေ့အထိ အရက်ငါးဆယ်တိုင်တိုင် ရေတွက်ပြီးလျှင်၊ ထာဝရဘုရားအား ဘောဇဉ်ပူဇော်သက္ကာအသစ်ကို ဆက်ရကြမည်။

17 ထာဝရဘုရားအဘို့ အဦးသီးသောအသီး၊ တဆေးဖြင့်ဖောင်းကြွသော မုန့်ညက် နှစ်ဩမဲနှင့် လုပ်သောချီလွှဲရာမုန့်နှစ်လုံးကို သင်တို့အိမ်မှထုတ်ဆောင်ခဲ့၍၊