ဝတ်​ပြု 23:29-35 BJB

29 ထိုနေ့၌ ခြိုးခြံစွာမကျင့်သောသူမည်သည်ကား မိမိအမျိုးမှပယ်ရှင်းခြင်းကို ခံရမည်။

30 ထိုနေ့၌ အလုပ်တစုံတခုကိုလုပ်သောသူ မည်သည်ကို၊ သူ၏အမျိုးမှ ငါပယ်ရှားဖျက်ဆီးမည်။

31 အဘယ်အလုပ်ကိုမျှမလုပ်ရ။ သင်တို့နေရာအရပ်ရပ်၌ သင်တို့အမျိုးအစဉ်အဆက်စောင့်ရသော ပညတ်တော်ဖြစ်သတည်း။

32 ထိုနေ့သည် ငြိမ်ဝပ်စွာနေရသောနေ့၊ ခြိုးခြံစွာကျင့်ရသောနေ့ဖြစ်၏။ နဝမနေ့ ညဦးမှစ၍ နက်ဖြန်ညဦးတိုင်အောင် ဥပုသ်စောင့်ရမည်ဟုမိန့်တော်မူ၏။

33 တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊

34 သင်တို့သည်သတ္တမလ၊ ဆယ်ငါးရက်နေ့မှစ၍ ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအဘို့ သကေနေပွဲကိုခံရကြမည်။

35 ပဌမနေ့၌ ဓမ္မစည်းဝေးခြင်းကိုပြုရမည်။ အလုပ်ကိုမလုပ်ရ။