ဝတ်​ပြု 24:14-20 BJB

14 သူ၏စကားကိုကြားသော သူအပေါင်းတို့သည် သူ၏ခေါင်းပေါ်မှာ လက်ကိုတင်ပြီးမှ၊ ပရိသတ်အပေါင်းတို့သည် ကျောက်ခဲနှင့်ပစ်ကြစေ။

15 သင်သည် ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာ၊ မိမိဘုရားသခင်ကို ကျိန်ဆဲသောသူသည် မိမိအပြစ်ကိုခံရမည်။

16 ထာဝရဘုရား၏နာမတော်ကိုပြစ်မှားသောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ပရိသတ်အပေါင်းတို့သည် ထိုသူကို အမှန်ကျောက်ခဲနှင့် ပစ်ရကြမည်။ အမျိုးသားချင်းဖြစ်စေ၊ တပါးအမျိုးသားဖြစ်စေ၊ နာမတော်ကိုပြစ်မှားလျှင် အသေသတ်ခြင်းကိုခံရမည်။

17 လူအသက်ကိုသတ်သောသူသည်လည်း အသေသတ်ခြင်းကို အမှန်ခံရမည်။

18 တိရစ္ဆာန်အသက်ကို သတ်သောသူသည်လည်း ဥစ္စာရှင်အား တကောင်အတွက် တကောင်ကိုလျော်ရမည်။

19 လူသည် အိမ်နီးချင်းကိုနာအောင်ပြုလျှင်၊ သူ့ကိုပြုသည်အတိုင်းကိုယ်ခံရမည်။

20 အရိုးကိုချိုးသည်အတွက် အရိုးချိုးခြင်းကို၎င်း၊ မျက်စိကိုဖျက်သည့်အတွက်၊ မျက်စိဖျက်ခြင်းကို၎င်း၊ သွားကိုချိုးသည်အတွက်၊ သွားချိုးခြင်းကို၎င်း၊ သူ့ကို နာကျင်စွာပြုသည်အတိုင်း၊ ကိုယ်တိုင်နာကျင်စွာခံရမည်။