ဝတ်​ပြု 24:4-10 BJB

4 စင်ကြယ်သောမီးခုံ၌ မီးခွက်များကို အာရုန်သည် ထာဝရဘုရားရှေ့တော်မှာ အစဉ်အမြဲပြင်ဆင်ရမည်။

5 သင်သည်မုန့်ညက်ကိုယူ၍၊ မုန့်တလုံးသည် နှစ်ဩမဲစီ၊ မုန့်ဆယ်နှစ်လုံးကို လုပ်ပြီးလျှင်၊

6 ထာဝရဘုရားရှေ့ စင်ကြယ်သောစားပွဲပေါ်မှာ မုန့်တလုံးပေါ်၌ တလုံးကို ထပ်ဆင့်၍၊ တပုံခြောက်လုံးစီ၊ နှစ်ပုံပုံရမည်။

7 ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သက္ကာတည်းဟူသော အောက်မေ့တော်မူဘို့ရာဖြစ်စေခြင်းငှါ ထိုမုန့်နှစ်ပုံပေါ်မှာ စင်ကြယ်သောလောဗန်ကို တင်ထားရမည်။

8 ထာဝရဘုရားပဋိညာဉ်နှင့်အညီ၊ ဣသရေလအမျိုးသားတို့ လက်မှခံယူသောထိုမုန့်ကို၊ အာရုန်သည် ထာဝရဘုရားရှေ့တော် ဥပုသ်နေ့တိုင်းအစဉ်အမြဲပြင်ဆင်ရမည်။

9 ထိုမုန့်ကို အာရုန်နှင့်သူ၏သားတို့သည်ပိုင်၍၊ သန့်ရှင်းရာဌာနတော်၌ စားရကြမည်။ ထာဝရဘုရားအားမီးဖြင့်ပြုသောပူဇော်သက္ကာထဲက ထိုမုန့်သည်၊ ထာဝရပညတ်တော်အတိုင်း၊ အာရုန်အဖို့ အလွန်သန့်ရှင်းသောအရာဖြစ်သည်ဟု မိန့်တော်မူ၏။

10 အဲဂုတ္တုလူနှင့် ဣသရေလမိန်းမရ၍ ဣသရေလအမျိုးသားတို့နှင့်အတူ လိုက်လာသောသားတယောက်သည်၊ တပ်တဲမှာ ဣသရေလလူနှင့် ရန်တွေ့သဖြင့်၊