1 တဖန်သိနာတောင်ပေါ်မှာ၊ မောရှေအားထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
2 သင်တို့သည် ငါပေးသောပြည်သို့ရောက်သောအခါ၊ ထိုပြည်သည် ထာဝရဘုရားအဘို့ ဥပုသ်စောင့်ရမည်။
3 ခြောက်နှစ်ပတ်လုံးလယ်လုပ်လျက် စပျစ်ဥယျာဉ်ကိုသုတ်သင်၍ အသီးကို သိမ်းလျက်နေရမည်။
4 သတ္တမနှစ်သည်၊ ထာဝရဘုရားအဘို့ဥပုသ်နှစ်၊ တပြည်လုံးငြိမ်ဝပ်စွာနေ၍ ဥပုသ်စောင့်ရသောနှစ်ဖြစ်၏။ လယ်မလုပ်ရ၊ စပျစ်ဥယျာဉ်ကိုမသုတ်သင်ရ၊
5 လယ်၌ အလိုလိုပေါက်သောအသီးအနှံကိုမျှ မရိတ်ရ။ မသုတ်သင်သော စပျစ်ဥယျာဉ်အသီးကိုမျှ မဆွတ်ရ။ တပြည်လုံး ငြိမ်ဝပ်စွာနေရသောနှစ်ဖြစ်၏။