ဝတ်​ပြု 25:12-18 BJB

12 ယုဘိလနှစ်သည် သန့်ရှင်းသောနှစ်ဖြစ်သောကြောင့်၊ လယ်၌ရသော အသီးအနှံကိုသာစားရမည်။

13 ယုဘိလနှစ်တွင် လူတိုင်းမိမိပိုင်သော မြေသို့ ပြန်ရမည်။

14 သင်တို့သည် အချင်းချင်းရောင်းဝယ်မှုကိုပြုလျှင်၊ တယောက်ကို တယောက် မညှဉ်းဆဲရ။

15 ယုဘိလနှစ်လွန်၍ လိုသေးသောနှစ်ပေါင်း၊ အသီးအနှံသီးလတံ့သော နှစ်ပေါင်းကိုရေတွက်၍ ရောင်းဝယ်မှုကိုပြုရမည်။

16 ထိုသို့ အသီးသီးရသော နှစ်များကိုလိုက်၍ရောင်းသောကြောင့်၊ နှစ်ပေါင်း အနည်းအများအလိုက်အဘိုးလျော့လျက်၊ တိုးလျက်ရောင်းဝယ်ရမည်။

17 သင်တို့သည် တယောက်ကိုတယောက် မညှဉ်းဆဲရ။ သင်တို့၏ ဘုရားသခင်ကိုကြောက်ရွံ့ရမည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရား ဖြစ်၏။

18 သင်တို့သည် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကိုကျင့်စောင့်လျှင်၊ ထိုပြည်၌ ဘေးလွတ်လျက်နေရကြလိမ့်မည်။