ဝတ်​ပြု 25:30-36 BJB

30 တနှစ်အတွင်းတွင်မရွေးနှုတ်လျှင်၊ ထိုအိမ်ကိုဝယ်သောသူမှစ၍ သားစဉ်မြေးဆက်တို့သည် အမြဲပိုင်ရကြမည်။ ယုဘိလနှစ်ရောက်သော်လည်း လက်မလွှတ်ရ။

31 မြို့ရိုးမရှိ၊ ရွာ၌ရှိသောအိမ်ကို လယ်ယာကဲ့သို့မှတ်၍ ရွေးနှုတ်ရသော အခွင့်ရှိ၏။ ယုဘိလနှစ်ရောက်သောအခါ လက်လွှတ်ရမည်။

32 သို့ရာတွင် လေဝိသားပိုင်သောမြို့နှင့် မြို့အိမ်တို့ကို၊ အဘယ်ကာလအချိန်မဆိုဘဲ ရွေးနှုတ်ရသောအခွင့်ရှိ၏။

33 လေဝိသားပိုင်သောမြို့ကို၎င်း၊ အိမ်ကို၎င်း၊ သူတပါးဝယ်လျှင်၊ ယုဘိလနှစ်ရောက်သောအခါ လက်လွှတ်ရမည်။ အကြောင်းမူကား၊ ဣသရေလ လူအမျိုးသားတို့တွင်လေဝိသားတို့သည်၊ ကိုယ်နေရာမြို့အိမ်မှတပါး အခြားသော ဥစ္စာမရှိ။

34 သို့ဆိုသော်လည်း၊ လေဝိသားမြို့နယ်၌ရှိသောလယ်ယာတို့ကို မရောင်းရ။ အစဉ်အမြဲပိုင်ရမည်။

35 သင်၏အမျိုးသားချင်းသည် ဆင်းရဲ၍လက်အားလျော့သဖြင့် တပါးအမျိုးသား ဧည့်သည်အာဂန္တုကဲ့သို့ဖြစ်လျှင်၊ သင့်ထံမှာနေစေခြင်းငှါ သူ့ကိုမစရမည်။

36 သူ၌ အတိုးအပွားကိုမယူရ။ သင်၏အမျိုးသားချင်းသည် သင့်ထံမှာ နေစေခြင်းငှါ၊ သင်၏ဘုရားသခင်ကိုကြောက်ရွံ့လော့။