ဝတ်​ပြု 25:41-47 BJB

41 ထိုအခါ သူသည်သားသမီးနှင့်တကွထွက်၍၊ မိမိအဆွေအမျိုး၊ မိမိ ဘိုးဘပိုင်သောမြေသို့ပြန်ရမည်။

42 အကြောင်းမူကား၊ သူတို့သည်အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သော ငါ၏အမှုထမ်းဖြစ်၍၊ အစေခံကျွန်ဖြစ်စေခြင်းငှါ၊ မရောင်းရ။

43 သူ့ကို ကြမ်းတမ်းစွာမစီရင်ရ။ သင်၏ဘုရားသခင်ကို ကြောက်ရွံ့ရမည်။

44 သင်သည်စေခိုင်းသောကျွန်၊ ကျွန်မတို့ကို၊ သင့်ပတ်လည်ဝန်းကျင်တို့၌ နေသောသာသနာပလူတို့တွင် ဝယ်ရမည်။

45 ထိုမှတပါး၊ သင်တို့တွင်တည်းနေသော တကျွန်းတနိုင်ငံသားတို့ကို၎င်း၊ သင်တို့ပြည်၌ သူတို့ရသောသားသမီးများကို၎င်း ဝယ်၍ပိုင်ရမည်။

46 သူတို့သည်ကျွန်သားပေါက်ဖြစ်၍၊ သင်တို့နှင့် သင်တို့သားသမီးတို့သည် အမွေခံ၍ပိုင်ရမည်။ ကိုယ်အမျိုးသားချင်းတည်းဟူသော ဣသရေလအမျိုးသားဖြစ်လျှင်၊ တယောက်ကိုတယောက် ကြမ်းတမ်းစွာမစီရင်ရ။

47 သင့်အနားမှာတည်းနေသော တကျွန်းတနိုင်ငံသားသည် ငွေရတတ်၍ သူ၏အနားမှာနေသော သင်၏အမျိုးသားချင်းဆင်းရဲသဖြင့်၊ သင့်အနားမှာ တည်းနေသော တကျွန်းတနိုင်ငံသား၌၎င်း၊ သူ၏သားမြေး၌၎င်း၊ ကိုယ်ကိုရောင်းချလျှင်၊