ဝတ်​ပြု 25:48-54 BJB

48 ရောင်းပြီးမှ ရွေးနှုတ်သောအခွင့်ရှိစေရမည်။ မိမိအမျိုးသား တစုံတယောက်သည်ရွေးနှုတ်ရမည်။

49 ဘကြီး၊ ဘထွေး၊ ညီအစ်ကိုတော်မှစ၍ အဆွေအမျိုးပေါက်ဘော်ရင်း တစုံတယောက်သည် ရွေးနှုတ်ရမည်။ ကိုယ်တိုင်တတ်နိုင်လျှင်လည်း ကိုယ်ကိုရွေးနှုတ်ရမည်။

50 သခင်နှင့် ကျွန်တို့သည်၊ ရောင်းဝယ်သောနှစ်မှစ၍ ယုဘိလနှစ်တိုင်အောင် နှစ်ပေါင်းကို ရေတွက်ပြီးလျှင်၊ နှစ်ပေါင်းအနည်းအများကိုထောက်၍၎င်း၊ သူငှါးလုပ်ရသည်ကာလကိုထောက်၍၎င်း၊ ကိုယ်အဘိုးကိုစီရင်ရမည်။

51 ယုဘိလနှစ်မရောက်မှီ၊ အစေခံရသော နှစ်ပေါင်းအနည်းအများကို ရေတွက်၍၊

52 လိုသေးသော နှစ်ပေါင်းအနည်းအများအလိုက် ရွေးရန်အဘိုးကို၊ ဝယ်ရင်းငွေထဲက နှုတ်၍ပြန်ပေးရမည်။

53 ထိုသူသည် တနှစ်နောက်တနှစ်၊ သူငှါးကဲ့သို့နေရမည်။ သင့်မျက်မှောက်၌ ညှဉ်းဆဲခြင်းကိုမခံရ။

54 ထိုသို့သောနည်းဖြင့်မရွေးမနှုတ်လျှင်၊ ယုဘိလနှစ်ရောက်သောအခါ၊ သူ့ကိုသားမယားနှင့်တကွ သခင်လက်မှလွှတ်ရမည်။