ဝတ်​ပြု 26:1-5 BJB

1 သင်တို့သည် ကိုယ်အဘို့ထုလုပ်သော ရုပ်တုဆင်းတုကို မရှိစေရ။ သင်တို့ပြည်၌ကိုးကွယ်စရာ မှတ်တိုင်ကိုမစိုက်ရ။ ထုသောကျောက်ကို ထောင်၍မထားရ။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။

2 ငါ့ဥပုသ်နေ့တို့ကိုစောင့်၍၊ ငါ့သန့်ရှင်းရာဌာနတော်ကို ရိုသေရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။

3 သင်တို့သည်၊ ငါ့ထုံးဖွဲ့ရာလိမ်းသို့လိုက်၍၊ ငါပညတ်တို့ကိုကျင့်စောင့်လျှင်၊

4 အချိန်တန်မှ ငါသည်သင်တို့အဘို့ မိုဃ်းရွာစေသဖြင့်၊ မြေသည် မိမိဘဏ္ဍာကိုပေး၍၊ ဥယျာဉ်အပင်တို့သည် အသီးသီးကြလိမ့်မည်။

5 စပါးနင်းနယ်သောအမှုသည်၊ စပျစ်သီးညှစ်ရာကာလတိုင်အောင်၎င်း၊ စပျစ်သီးညှစ်သောအမှုသည်၊ မျိုးစေ့ကြဲရာကာလတိုင်အောင်၎င်း မှီသဖြင့်၊ သင်တို့သည်ဝစွာစား၍၊ ကိုယ်ပြည်၌ဘေးလွတ်လျက် နေရကြလိမ့်မည်။