ဝတ်​ပြု 26:20-26 BJB

20 သင်တို့သည် အချည်းနှီးကြိုးစားအားထုတ်ကြလိမ့်မည်။ သင်တို့မြေသည် မိမိဘဏ္ဍာကိုမပေး။ ဥယျာဉ်အပင်တို့သည် အသီးမသီးကြ။

21 သင်တို့သည် ငါ့စကားကိုနားမထောင်၊ ငါ့ကိုဆန့်ကျင်ဘက်ပြုလျှင်၊ သင်တို့အပြစ်အလျောက် ခုနစ်ဆသောဘေးကြီးကို ငါသက်ရောက်စေမည်။

22 သင်တို့၏သားသမီးများကို ချီသွား၍၊ သင်တို့၏တိရစ္ဆာန်များကို ဖျက်ဆီးလျက်၊ သင်တို့ကိုနည်းစေခြင်းငှါ၊ သားရဲများကိုငါစေလွှတ်သဖြင့်၊ သင်တို့သွားရာလမ်းမတို့သည် လူဆိတ်ညံရာဖြစ်ကြလိမ့်မည်။

23 ထိုသို့ ခံရသော်လည်း၊ သင်တို့သည်သတိမရ၊ ငါ့ကို ဆန့်ကျင်ဘက် ပြုသေးလျှင်၊

24 ငါသည်လည်း သင်တို့ကိုဆန့်ကျင်ဘက်ပြု၍၊ သင်တို့အပြစ်ကြောင့် ခုနစ်ဆသောဒဏ်ကိုပေးဦးမည်။

25 ငါ့ပဋိညာဉ်ဘက်၌နေ၍၊ တရားစီရင်ရသောထားဘေးကို သင်တို့အပေါ်မှာ ငါသက်ရောက်စေမည်။ သင်တို့သည်မြို့ထဲ၌၊ စုဝေးသောအခါ၊ ကာလနာဘေးကို ငါစေလွတ်၍၊ ရန်သူလက်သို့ရောက်စေမည်။

26 သင်တို့၏အစာအာဟာရ အထောက်အပင့်ကိုငါပယ်ရှားသောအခါ၊ မိန်းမတကျိပ်တို့သည် သင်တို့၏မုန့်ကို မီးဖိုတဖို၌ဖုတ်ပြီးမှ၊ ထိုမုန့်ကိုချိန်ပေးသဖြင့် သင်တို့သည်ဝစွာမစားရကြ။