ဝတ်​ပြု 26:23-29 BJB

23 ထိုသို့ ခံရသော်လည်း၊ သင်တို့သည်သတိမရ၊ ငါ့ကို ဆန့်ကျင်ဘက် ပြုသေးလျှင်၊

24 ငါသည်လည်း သင်တို့ကိုဆန့်ကျင်ဘက်ပြု၍၊ သင်တို့အပြစ်ကြောင့် ခုနစ်ဆသောဒဏ်ကိုပေးဦးမည်။

25 ငါ့ပဋိညာဉ်ဘက်၌နေ၍၊ တရားစီရင်ရသောထားဘေးကို သင်တို့အပေါ်မှာ ငါသက်ရောက်စေမည်။ သင်တို့သည်မြို့ထဲ၌၊ စုဝေးသောအခါ၊ ကာလနာဘေးကို ငါစေလွတ်၍၊ ရန်သူလက်သို့ရောက်စေမည်။

26 သင်တို့၏အစာအာဟာရ အထောက်အပင့်ကိုငါပယ်ရှားသောအခါ၊ မိန်းမတကျိပ်တို့သည် သင်တို့၏မုန့်ကို မီးဖိုတဖို၌ဖုတ်ပြီးမှ၊ ထိုမုန့်ကိုချိန်ပေးသဖြင့် သင်တို့သည်ဝစွာမစားရကြ။

27 ထိုမျှလောက်ခံရသော်လည်း၊ ငါ့စကားကိုနားထောင်၊ ငါ့ကို ဆန့်ကျင်ဘက် ပြုသေးလျှင်၊

28 ငါသည်လည်းအမျက်ထွက်၍ သင်တို့ကိုဆန့်ကျင်ဘက်ပြုသဖြင့်၊ သင်တို့အပြစ်ကြောင့် ခုနစ်ဆသောဒဏ်ကိုပေးဦးမည်။

29 သင်တို့သည် ကိုယ်သားသမီးတို့၏အသားကို စားရကြလိမ့်မည်။