ဝတ်​ပြု 26:27-33 BJB

27 ထိုမျှလောက်ခံရသော်လည်း၊ ငါ့စကားကိုနားထောင်၊ ငါ့ကို ဆန့်ကျင်ဘက် ပြုသေးလျှင်၊

28 ငါသည်လည်းအမျက်ထွက်၍ သင်တို့ကိုဆန့်ကျင်ဘက်ပြုသဖြင့်၊ သင်တို့အပြစ်ကြောင့် ခုနစ်ဆသောဒဏ်ကိုပေးဦးမည်။

29 သင်တို့သည် ကိုယ်သားသမီးတို့၏အသားကို စားရကြလိမ့်မည်။

30 သင်တို့မြင့်သောအရပ်များကိုငါဖြိုဖျက်၍၊ ရုပ်တုဆင်းတုများကို ခုတ်လှဲမည်။ သင်တို့အသေကောင်များကို၊ ရုပ်တုဆင်းတု အသေကောင်အပေါ်မှာပစ်ချ၍၊ သင်တို့ကိုစက်ဆုပ်ရွံရှာမည်။

31 သင်တို့မြို့များကိုငါဖျက်ဆီး၍၊ သန့်ရှင်းရာဌာနတော်ကို သုတ်သင်ပယ်ရှင်းသဖြင့်၊ သင်တို့နံ့သာပေါင်း အမွှေးအကြိုင်ကိုငါမနမ်း။

32 တပြည်လုံးကို ငါသုတ်သင်ပယ်ရှင်းသောအမှုကို၊ ထိုပြည်၌နေသော သင်တို့၏ ရန်သူတို့သည်မြင်၍ မိန်းမောတွေဝေကြလိမ့်မည်။

33 သာသနာပလူတို့တွင် သင်တို့ကို အရပ်ရပ်ငါကွဲပြားစေ၍၊ ထားမိုးလျက် လိုက်မည်။ သင်တို့ပြည်သည်လည်း လူဆိတ်ညံလျက်၊ မြို့သည်လည်း ပျက်စီးလျက်ရှိလိမ့်မည်။