ဝတ်​ပြု 26:5-11 BJB

5 စပါးနင်းနယ်သောအမှုသည်၊ စပျစ်သီးညှစ်ရာကာလတိုင်အောင်၎င်း၊ စပျစ်သီးညှစ်သောအမှုသည်၊ မျိုးစေ့ကြဲရာကာလတိုင်အောင်၎င်း မှီသဖြင့်၊ သင်တို့သည်ဝစွာစား၍၊ ကိုယ်ပြည်၌ဘေးလွတ်လျက် နေရကြလိမ့်မည်။

6 သင်တို့ပြည်၌ စစ်မှုကိုငါငြိမ်းစေ၍၊ ခြိမ်းချောက်သောသူမရှိဘဲ သင်တို့သည် အိပ်ရကြလိမ့်မည်။ ဆိုးသောသားရဲတို့ကိုလည်း ငါပယ်ရှားမည်။ တပြည်လုံးသည် ထားဘေးနှင့် ကင်းလွတ်လိမ့်မည်။

7 သင်တို့သည် ရန်သူများကိုလိုက်၍ ထားလက်နက်ဖြင့် အောင်ကြလိမ့်မည်။

8 သင်တို့တွင် လူငါးယောက်သည် ရန်သူတရာကိုလိုက်လိမ့်မည်။ လူတရာသည် ရန်သူတသောင်းကိုပြေးစေ၍ ထားလက်နက်ဖြင့်အောင်ကြလိမ့်မည်။

9 သင်တို့ကိုငါစောင့်မသဖြင့် တိုးပွားများပြားစေ၍၊ သင်တို့နှင့် ငါပြုသော ပဋိညာဉ်ကို ငါမြဲမြံစေမည်။

10 သိုထားသော စပါးဟောင်းကိုစား၍မကုန်မှီ၊ စပါးသစ်ပေါ်သောကြောင့်၊ အဟောင်းကိုထုတ်ရကြမည်။

11 ငါသည်စက်ဆုပ်ရွံရှာခြင်းမရှိဘဲ သင်တို့တွင် တဲတော်ကိုတည်မည်။