ဝတ်​ပြု 27:1-7 BJB

1 တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊

2 လူသည်သစ္စာဂတိပြု၍ပူဇော်လျှင်၊ ပူဇော်အပ်သောသူသည်၊ သင်အဘိုးပြတ်သည်အတိုင်း ထာဝရဘုရား၏ဘဏ္ဍာတော် ဖြစ်ရမည်။

3 သင်သည် အဘယ်မျှအဘိုးပြတ်ရမည်နည်းဟူမူကား၊ ယောက်ျားကို အသက်နှစ်ဆယ်မှသည် ခြောက်ဆယ်တိုင်အောင်၊ အကျပ်တော်အလိုက် ငွေအကျပ်ငါးဆယ်နှင့် အဘိုးပြတ်ရမည်။

4 မိန်းမဖြစ်လျှင်၊ ငွေအကျပ်သုံးဆယ်နှင့် အဘိုးပြတ်ရမည်။

5 အသက်ငါးနှစ်မှသည် ဆယ်နှစ်တိုင်အောင်၊ ယောက်ျားကို အကျပ်နှစ်ဆယ်၊ မိန်းမကိုအကျပ်တဆယ်နှင့် အဘိုးပြတ်ရမည်။

6 အသက်တလမှသည် ငါးနှစ်တိုင်အောင်၊ ယောက်ျားကို ငွေငါးကျပ်၊ မိန်းမကို သုံးကျပ်နှင့် အဘိုးပြတ်ရမည်။

7 အသက်ခြောက်ဆယ်လွန်လျှင်၊ ယောက်ျားကိုဆယ်ငါးကျပ်၊ မိန်းမကို တဆယ်နှင့် အဘိုးပြတ်ရမည်။