ဝတ်​ပြု 27:28-34 BJB

28 သို့ရာတွင်လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ ကိုယ်ပိုင်ရင်းလယ်ဖြစ်စေ၊ ထာဝရဘုရားအားကျိန်ဆို၍ ပူဇော်သမျှကို မရောင်းမရွေးရ။ ကျိန်ဆို၍ ပူဇော်သမျှတို့သည် ထာဝရဘုရားအားအလွန်သန့်ရှင်းရမည်။

29 လူကိုပင် ကျိန်ဆို၍ပူဇော်လျှင်၊ နောက်တဖန်မရွေးရ၊ သတ်ရမည်။

30 စပါးဖြစ်စေ၊ သစ်သီးဖြစ်စေ၊ မြေကဖြစ်သမျှသောအသီးအနှံ ဆယ်စုတစုသည် ထာဝရဘုရား၏ဘဏ္ဍာတော်ဖြစ်၏။ ထာဝရဘုရားအဘို့သန့်ရှင်းရမည်။

31 ဆယ်စုတစုကိုရွေးလိုလျှင်၊ အဘိုးရင်းနှင့်ငါးစုတစုကို ထပ်၍ပေးရမည်။

32 နွားဖြစ်စေ၊ သိုးဆိတ်ဖြစ်စေ၊ ကြိမ်လုံးအောက်၌သွားသမျှသော အကောင် ဆယ်စုတစုသည်၊ ထာဝရဘုရားအဘို့ သန့်ရှင်းရမည်။

33 ကောင်းသလော၊ ညံ့သလောဟုမမေးမစစ်ရ။ တကောင်အတွက် တကောင်ကို မလဲရ။ လဲလိုလျှင် နှစ်ကောင်စလုံးသန့်ရှင်းရမည်။ အလျှင်းမရွေးရဟု မိန့်တော်မူ၏။

34 ဤရွေ့ကား ထာဝရဘုရားသည်၊ သိနာတောင်ပေါ်မှာ ဣသရေလအမျိုးသားတို့အဘို့ မောရှေ၌ထားတော်မူသော ပညတ်တော်များ ဖြစ်သတည်း။ရှင်မောရှေစီရင်ရေးထားသော ဝတ်ပြုရာကျမ်းပြီး၏။