ဝတ်​ပြု 3:1-6 BJB

1 နွားကိုမိဿဟာယယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီးအမ တကောင်ကောင်ကို၊ ထာဝရဘုရားရှေ့တော်၌ ဆက်ရမည်။

2 ပူဇော်သော နွား၏ခေါင်းပေါ်မှာ မိမိလက်ကိုတင်၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာသတ်ပြီးလျှင်၊ အာရုန်၏သားယဇ်ပုရောဟိတ်တို့သည်၊ အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖြန်းရမည်။

3 အအူကို ဖုံးသောဆီဥ၊

4 အအူနှင့် ဆိုင်သမျှသောဆီဥ၊ ခါးအတွင်းနား၌ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်းပေါ်၌ရှိသောအမြှေးတို့ကို၊ မိဿဟာယယဇ်ကောင်ထဲကယူ၍ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သက္ကာဘို့ ဆက်ပြီးမှ၊

5 အာရုန်၏သားတို့သည် ယဇ်ပလ္လင်အပေါ်၌ရှိသော ထင်းမီးပေါ်မှာတင်သော ယဇ်ကောင်နှင့်အတူ မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍၊ မွှေးကြိုင်သော ပူဇော်သက္ကာဖြစ်သတည်း။

6 ထာဝရဘုရားအား သိုး၊ ဆိတ်ကို၊ မိဿဟာယယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီးအမ တကောင်ကောင်ကိုဆက်ရမည်။