ဝတ်​ပြု 3:3-9 BJB

3 အအူကို ဖုံးသောဆီဥ၊

4 အအူနှင့် ဆိုင်သမျှသောဆီဥ၊ ခါးအတွင်းနား၌ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်းပေါ်၌ရှိသောအမြှေးတို့ကို၊ မိဿဟာယယဇ်ကောင်ထဲကယူ၍ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သက္ကာဘို့ ဆက်ပြီးမှ၊

5 အာရုန်၏သားတို့သည် ယဇ်ပလ္လင်အပေါ်၌ရှိသော ထင်းမီးပေါ်မှာတင်သော ယဇ်ကောင်နှင့်အတူ မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍၊ မွှေးကြိုင်သော ပူဇော်သက္ကာဖြစ်သတည်း။

6 ထာဝရဘုရားအား သိုး၊ ဆိတ်ကို၊ မိဿဟာယယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီးအမ တကောင်ကောင်ကိုဆက်ရမည်။

7 သိုးသငယ်ကိုပူဇော်လိုလျှင်၊ ထာဝရဘုရားရှေ့တော်၌ဆက်ပြီးမှ၊

8 ပူဇော်သောသိုး၏ခေါင်းပေါ်မှာ မိမိလက်ကိုတင်၍ ပရိသတ်စည်းဝေးရာ တဲတော်ရှေ့မှာသတ်ပြီးလျင်၊ အာရုန်၏သားတို့သည် အသွေးကိုယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖြန်းရမည်။

9 အကောင်ဆီဥ၊ ကျောရိုးကတိတိဖြတ်သောအမြီးရှိသမျှ၊ အအူကိုဖုံးသော အဆီဥ၊ အအူနှင့် ဆိုင်သမျှသောအဆီဥ၊