ဝတ်​ပြု 4:13-19 BJB

13 ဣသရေလအမျိုးသားပရိအပေါင်းတို့သည် တရားကိုမသိ၊ အကျိုးအပြစ်ကို မရိပ်မိဘဲ၊ ထာဝရဘုရား၏ပညတ်တော်ကို လွန်ကျူးပြစ်မှား၍ မပြုအပ်သောအမူကို ပြုမိသဖြင့် အပြစ်ရောက်လျှင်၊

14 ထိုသို့ ပြစ်မှားမိသောအပြစ်ကိုသိသောအခါ၊ ထိုအပြစ်အတွက် ပရိသတ်တို့သည် အသက်ပျိုသောနွားထီးကို၊ ပရိသတ်စည်းဝေးရာတဲတော်ရှေ့သို့ ဆောင်ခဲ့၍ ဆက်ရမည်။

15 ပရိသတ်တွင် အသက်ကြီးသောသူတို့သည်၊ ထာဝရဘုရားရှေ့တော်၌ မိမိတို့လက်ကို နွားခေါင်းပေါ်မှာတင်၍၊ ထိုနွားကို ရှေ့တော်၌သတ်ရကြမည်။

16 ဘိသိက်ခံသောယဇ်ပုရောဟိတ်သည် နွားအသွေးကို ပရိသတ်စည်းဝေးရာ တဲတော်သို့ဆောင်ခဲ့ပြီးလျှင်၊

17 မိမိလက်ညှိုးကို အသွေး၌နှစ်၍၊ ကုလားကာရှေ့ ထာဝရဘုရားရှေ့တော်၌ ခုနစ်ကြိမ်ဖြန်းရမည်။

18 တဖန်ယဇ်ပုရောဟိတ်သည်၊ ပရိတ်သတ်စည်းဝေးရာတဲတော်အတွင်း၊ ထာဝရဘုရားရှေ့တော်မှာရှိသော ပလ္လင်ဦးချိုတို့၌ အသွေးကိုထည့်၍၊ ကြွင်းသောအသွေးကို၊ ပရိသတ်စည်းဝေးရာတဲတော်တံခါးရှေ့၌ရှိသော မီးရှို့ရာယဇ်ပလ္လင်ခြေရင်းနားမှာ သွန်ရမည်။

19 နွားဆီဥရှိသမျှကိုယူ၍ ယဇ်ပလ္လင်ပေါ်မှာမီးရှို့ရမည်။